Sunday, March 6, 2011
Wednesday, March 2, 2011
ကလေးမြို့ကြေညာစာတမ်း ဖြန့်ချီရေး
ကလေးမြို့ကြေညာစာတမ်း ဖြန့်ချီရေးအတွက် မီဒီယာကွန်ယက် တွင် တစ်ဦးချင်းအနေနှင့် မည်သူမဆို စေတနာ့ဝန်ထမ်း ပေးဆပ် ပါဝင်နိုင်ကြောင်း ဖိတ်ခေါ်
၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ (၂၄)ရက်နေ့ တွင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင်ရှိသော ကလေးမြို့ တွင် ဇိုမီး အမျိုးသားကွန်ကရက်ပါတီ ထူထောင်ခြင်း (၂၂) နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့ပါသည်။
ဇိုမီး အမျိုးသားကွန်ကရက် Zomi National Congress ပါတီသည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ၌ လွှတ်တော်အမတ် နှစ်နေရာတွင် ပူကျင်ရှန်းထန် နှင့် ပူထန်လျန်းပေါင် တို့က အနိုင်ရခဲ့ပါသည်။
ZNC ပါတီသည် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ ချုပ် United Nationalities for Democracy ပါတီ ထူထောင်ရာ၌လည်း ပါဝင်ပါသည်။ UNLD နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် National League for Democracy တို့ ပူးပေါင်းထုတ်ပြန်သော ဗိုလ်အောင်ကျော် ကြေညာစာတမ်း ဖြစ်ပေါ်ရေးအတွက် ZNC လည်းပါဝင်ခဲ့ပါသည်။
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်အာဏာရှင်များက အကောင်အထည်မဖေါ်ပေးပါ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအ၀င် NLD ခေါင်းဆောင်များနှင့် တိုင်းရင်းသားပါတီမှ ခေါင်းဆောင်များက ပြည်သူ့လွှတ်တော် ကိုယ်စားပြုကောမတီ CRPP ကို ဖွဲ့စည်းခဲ့ပါသည်။ Pu Cin Sian Thang (ZNC) နှင့် Pu Thawng Kho Thang (UNLD) တို့သည် CRPP အဖွဲ့ဝင်များဖြစ်ကြပြီး မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသူများ ဖြစ်ပါသည်။
ဇိုမီး အမျိုးသားကွန်ကရက်၏ ၂၂ နှစ်မြောက် အခမ်းအနားတွင်လည်း ယနေ့ မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် အရေးကြီးသော နိုင်ငံရေး ရပ်တည်ချက် ကြေညာစာတမ်းကို ရဲရင့်ပြတ်သားစွာ ထုတ်ပြန်လိုက်ကြပါသည်။ ဤကြေညာစာတမ်းသည် ZNC ပါတီတစ်ခုတည်းနှင့် သက်ဆိုင်သော ကိစ္စမဟုတ်ပါ။ CRPP အဖွဲ့ဝင်များ၊ NLD ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ အသီးသီး၊ နိုင်ငံရေး အဖွဲ့အစည်း အသီးသီး၊ ကျောင်းသားခေါင်းဆောင်များ၊ရဟန်းရှင်လူများ၏ဆန္ဒများကိုပူးပေါင်းဖော်ထုတ်သော ကြေညာ စာတမ်း ဖြစ်ပါသည်။
ဤကြေညာစာတမ်းသည် မြန်မာနိုင်ငံသားတိုင်း သိသင့်သော ကြေညာစာတမ်းဖြစ်သည်ကို ကျွန်ုပ်တို့ခံစားမိကြပါသည်။ ပြည်တွင်းပြည်ပ နိုင်ငံတကာမှ အဖွဲ့အစည်းများ၏ ထောက်ခံအားပေးမှုကို အပြည့်အ၀ ရရှိနေသည်ကို တွေ့ရပါသည်။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် ပင်လုံစိတ်ဓာတ် ဖြင့်သာလျှင် ပြည်ထောင်စုမြန်မာနိုင်ငံသားများအတွက် ကျွန်ုပ်တို့ ဘလောက်ကာများနှင့် မီဒီယာလှုပ်ရှားမှုကို စိတ်ဝင်စားသူ တချို့မှ ဤကလေးမြို့ကြေညာစာတမ်းကို ကျယ်ပြန့်စွာပျံ့နှံ့ နိုင်ရေးအတွက် မိမိတို့  တဦချင်းဆန္ဒအရ ဤမီဒီယာကိုစုပေါင်း ပြုလုပ်ရခြင်းဖြစ်ပါသည်။ စိတ်ဝင် စားသောသူ အယောက်စီတိုင်း ပါဝင်နိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။
ဇိုမီး အမျိုးသားကွန်ကရက် Zomi National Congress ပါတီသည် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ၌ လွှတ်တော်အမတ် နှစ်နေရာတွင် ပူကျင်ရှန်းထန် နှင့် ပူထန်လျန်းပေါင် တို့က အနိုင်ရခဲ့ပါသည်။
ZNC ပါတီသည် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ ချုပ် United Nationalities for Democracy ပါတီ ထူထောင်ရာ၌လည်း ပါဝင်ပါသည်။ UNLD နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် National League for Democracy တို့ ပူးပေါင်းထုတ်ပြန်သော ဗိုလ်အောင်ကျော် ကြေညာစာတမ်း ဖြစ်ပေါ်ရေးအတွက် ZNC လည်းပါဝင်ခဲ့ပါသည်။
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်အာဏာရှင်များက အကောင်အထည်မဖေါ်ပေးပါ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအ၀င် NLD ခေါင်းဆောင်များနှင့် တိုင်းရင်းသားပါတီမှ ခေါင်းဆောင်များက ပြည်သူ့လွှတ်တော် ကိုယ်စားပြုကောမတီ CRPP ကို ဖွဲ့စည်းခဲ့ပါသည်။ Pu Cin Sian Thang (ZNC) နှင့် Pu Thawng Kho Thang (UNLD) တို့သည် CRPP အဖွဲ့ဝင်များဖြစ်ကြပြီး မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသူများ ဖြစ်ပါသည်။
ဇိုမီး အမျိုးသားကွန်ကရက်၏ ၂၂ နှစ်မြောက် အခမ်းအနားတွင်လည်း ယနေ့ မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် အရေးကြီးသော နိုင်ငံရေး ရပ်တည်ချက် ကြေညာစာတမ်းကို ရဲရင့်ပြတ်သားစွာ ထုတ်ပြန်လိုက်ကြပါသည်။ ဤကြေညာစာတမ်းသည် ZNC ပါတီတစ်ခုတည်းနှင့် သက်ဆိုင်သော ကိစ္စမဟုတ်ပါ။ CRPP အဖွဲ့ဝင်များ၊ NLD ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ အသီးသီး၊ နိုင်ငံရေး အဖွဲ့အစည်း အသီးသီး၊ ကျောင်းသားခေါင်းဆောင်များ၊ရဟန်းရှင်လူများ၏ဆန္ဒများကိုပူးပေါင်းဖော်ထုတ်သော ကြေညာ စာတမ်း ဖြစ်ပါသည်။
ဤကြေညာစာတမ်းသည် မြန်မာနိုင်ငံသားတိုင်း သိသင့်သော ကြေညာစာတမ်းဖြစ်သည်ကို ကျွန်ုပ်တို့ခံစားမိကြပါသည်။ ပြည်တွင်းပြည်ပ နိုင်ငံတကာမှ အဖွဲ့အစည်းများ၏ ထောက်ခံအားပေးမှုကို အပြည့်အ၀ ရရှိနေသည်ကို တွေ့ရပါသည်။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် ပင်လုံစိတ်ဓာတ် ဖြင့်သာလျှင် ပြည်ထောင်စုမြန်မာနိုင်ငံသားများအတွက် ကျွန်ုပ်တို့ ဘလောက်ကာများနှင့် မီဒီယာလှုပ်ရှားမှုကို စိတ်ဝင်စားသူ တချို့မှ ဤကလေးမြို့ကြေညာစာတမ်းကို ကျယ်ပြန့်စွာပျံ့နှံ့ နိုင်ရေးအတွက် မိမိတို့  တဦချင်းဆန္ဒအရ ဤမီဒီယာကိုစုပေါင်း ပြုလုပ်ရခြင်းဖြစ်ပါသည်။ စိတ်ဝင် စားသောသူ အယောက်စီတိုင်း ပါဝင်နိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။
ကလေးမြို့ကြေညာစာတမ်း ဖြန့်ချီရေးအတွက် မီဒီယာကွန်ယက်တွင် တစ်ဦးချင်းအနေနှင့် မည်သူမဆို စေတနာ့ဝန်ထမ်း ပေးဆပ်ပါဝင်နိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။
Contact; mediagroupjp@gmail.com
Moe Min Thu (KNU-Japan)
Lwin Than Da (KNU-Japan)
Cing Hau Lun (CNC-Japan)
Salai Myo Htet (CNC-Japan)
Lian Khan Sum (CNC-Japan)
Salai Kyaw Thein Aung
Moe Kyaw Thu
Kee Bawi Ling
Peter Lin
Contact; mediagroupjp@gmail.com
Moe Min Thu (KNU-Japan)
Lwin Than Da (KNU-Japan)
Cing Hau Lun (CNC-Japan)
Salai Myo Htet (CNC-Japan)
Lian Khan Sum (CNC-Japan)
Salai Kyaw Thein Aung
Moe Kyaw Thu
Kee Bawi Ling
Peter Lin
Labels: ကြေညာစာတမ်း
ဒု-ပင်လုံညီလာခံ စင်ပြိုင် အာဏာ ယူဖို့မဟုတ်၊ စည်းလုံးရေးသာ ဦးတည်ဟု ဒေါ်စုဆို
ဒု-ပင်လုံညီလာခံ စင်ပြိုင် အာဏာ ယူဖို့မဟုတ်၊ စည်းလုံးရေးသာ ဦးတည်ဟု ဒေါ်စုဆို
ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူဖို့ ပြင်ဆင်တာဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း တဖြည်းဖြည်း ကွယ်ပျောက်လာနေတဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်လည်စုစည်း ထူထောင်ဖို့အတွက်သာ ဖြစ်ပြီး လက်ရှိ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ မကြာခင် ပေါ်ပေါက်လာမယ့် လွှတ်တော်အသစ် စတာတွေကို စင်ပြိုင်လုပ်ဖို့ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မနေ့က ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင်တွေနဲ့ NLD ရုံးချုပ်မှာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဒီငြိမ်းလို့ခေါ်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီ ခေါင်းဆောင်တချို့တို့ မနေ့က မနက်ပိုင်း ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။
၂၁ ရာစု ပင်လုံညီလာခံလို့ ခေါ်တဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး ခေါင်းဆောင်တွေက ဘာကြောင့် ပြင်ဆင်နေကြသလဲလို့ ဒီငြိမ်းပါတီ ခေါင်းဆောင်တွေက မေးတဲ့အခါ ဒီကိစ္စ အကောင်အထည် ဖော်တာဟာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ စင်ပြိုင်ဖြစ်အောင် လုပ်ဆောင်တာ မဟုတ်ဘဲ ပင်လုံစိတ်ဓာတ်ကို ပြန်လည်စုစည်းဖို့အတွက် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့တဲ့အကြောင်း ဒီငြိမ်းပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးမျိုးညွန့်က ပြောပါတယ်။
“၂၁ ရာစု ပင်လုံညီလာခံ၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ ဆောင်ရွက်မယ်၊ ဘယ်လို ဆောင်ရွက်မယ်ဆိုတာ ကျနော်တို့ကို ရှင်းပြပါလို့ ပြောလိုက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က ဒါနဲ့ပတ်သက်လို့တော့ အငြင်းပွားစရာတွေလည်း ရှိနေတယ်၊ ပြီးတော့ တချို့ကလည်း စိတ်ပူတယ်လို့ ပြောကြပါတယ်တဲ့။ ဘာစိတ်ပူတာလဲလို့ ဆိုတော့ ဒီလိုများ ဆောင်ရွက်လိုက်ရင်ဖြင့် အခုပေါ်ပေါက်လာမယ့် လွှတ်တော်တွေနဲ့ စင်ပြိုင်လွှတ်တော်တွေ၊ အခုပေါ်ပေါက်လာမယ့် အာဏာပိုင် အစိုးရနဲ့ ယှဉ်မယ့် စင်ပြိုင် အာဏာထူထောင်မှုတွေ၊ အဲဒီလိုတွေ ပေါ်ပေါက်လာရင်ဖြင့် အန္တရာယ်ရှိမယ်လို့ ဆိုကြပါတယ်တဲ့။
“အဲတော့ ကျနော်ကပြောတယ်၊ ကျနော်တို့လည်း အဲဒီစိုးရိမ်ချက် ရှိပါတယ်။ ဒါကြောင့် မေးတာပါလို့ ဆိုတော့ အဲဒါ ရှင်းပြချင်ပါတယ်တဲ့။ အဲဒီလို မဟုတ်ပါဘူးတဲ့။ ကျမတို့က စင်ပြိုင်လွှတ်တော်တို့၊ စင်ပြိုင် အာဏာထူထောင်ဖို့အတွက် ဒါကို ဆောင်ရွက်တာ မဟုတ်ပါဘူးတဲ့။ လွတ်လပ်ရေး ရပြီးတဲ့ နောက်ပိုင်းမှာ အကြောင်းကြောင်းကြောင့် ပင်လုံစိတ်ဓာတ်ဟာ တဖြည်းဖြည်းနဲ့ လျော့နည်း ပျက်ပြားလာခဲ့တာ အထင်အရှားပါပဲတဲ့၊ မြန်မာပြည်မှာ။ အဲဒါကြောင့် ပင်လုံစိတ်ဓာတ်ကို ပြန်ပြီးတော့ စုစည်း ထူထောင်ဖို့ လိုတယ်။ ဒါကြောင့် ပင်လုံစိတ်ဓာတ် ပြန်လည် စုစည်း ထူထောင်ရေး ဆိုတာကို ဆောင်ရွက်ချင်တာပါတဲ့။”
ဒုတိယ ပင်လုံညီလာခံ ခေါ်တယ် ဆိုတာမှာလည်း အရင်ခေတ်ကလို ညီလာခံကြီးတွေခေါ်၊ လူချင်း တွေ့ဆုံကြတာမျိုး မဟုတ်ဘဲ တိုးတက် ပြောင်းလဲလာတဲ့ ခေတ်ပေါ်နည်းပညာတွေကို အသုံးချပြီး လုပ်ဆောင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ ဆိုပါတယ်။
“အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာလည်း ညီလာခံကြီးတွေမျိုး လုပ်တာလည်း ဖြစ်ချင်ဖြစ်မယ်။ သို့သော် ဒီလိုမျိုးထက် အခုခေတ်မှာတော့ လူတွေတွေ့မှ၊ အစည်းအဝေးကြီး လုပ်မှ၊ ဒီလိုမဟုတ်ပါဘူးတဲ့။ လူတွေဟာ အင်တာနက်ပေါ်မှာလည်း တွေ့နိုင်တယ်။ အကြောင်းကြောင်းတွေနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ အများကြီး၊ အခု ခေတ်မီ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပွင့်နေတဲ့ အခါကြတော့ ကျမတို့ ရည်ရွယ်တာကတော့ ခုန စင်ပြိုင်လွှတ်တော်၊ စင်ပြိုင်အာဏာ ထူထောင်ရေး မဟုတ်ဘူးတဲ့၊ ပျက်ပြားနေတဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်ပြီးတော့ စုစည်းနိုင်ဖို့ လိုပါတယ်။
“အဲဒီလို လိုအပ်တာ၊ ဒါကို စုစည်းနိုင်တဲ့ အခါကြမှ အခု နယ်စပ်ဒေသတွေမှာ ပြန်ပြီးတော့ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အပါအ၀င် ပြည်တွင်းစစ်ကိစ္စ၊ ပြီးတော့ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စ၊ ပြည်ထောင်စု တခုလုံး တိုးတက်ရေး ကိစ္စတွေ၊ ဒီဟာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်လို့ ယုံကြည်ပါတယ်တဲ့။ အဲဒီယုံကြည်ချက်နဲ့ ကျမတို့ လုပ်တာပါတဲ့။ အဲဒါကြောင့် စိုးရိမ်ကြမယ် ဆိုရင်တော့ မစိုးရိမ်ပါနဲ့လို့ ကျမ ရှင်းပြချင်ပါတယ်တဲ့။”
ဒီငြိမ်းပါတီက ပြောခွင့်ရပုဂ္ဂိုလ် ဦးမျိုးညွန့် ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဒီ ဒုတိယ ပင်လုံညီလာခံ ခေါ်ဖို့အတွက် ကြိုးပမ်း လုပ်ဆောင်မှုတွေဟာ အပေါစား နိုင်ငံရေးစတန့်ထွင်တာ ဆိုပြီး မနေ့ကထုတ်တဲ့ စစ်အစိုးရ သတင်းစာတွေမှာ ဝေဖန် ရေးသားထားပါတယ်။
မနေ့က တွေ့ဆုံဆွေးနွေးပွဲမှာ နိုင်ငံရေးအရ မဟုတ်တောင် လူမှုရေးမှာ တူညီတဲ့ လုပ်ငန်းတွေ အတူလက်တွဲ လုပ်ကြဖို့၊ ဒီမိုကရေစီစနစ်မှာ Civil Society လို့ခေါ်တဲ့ လူမှုအထောက်အကူပြု အဖွဲ့အစည်းတွေ အားကောင်းမှသာ ခိုင်မာတဲ့ ဒီမိုကရေစီ စနစ်တခု ဖြစ်နိုင်မယ် ဆိုတာတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့က ဒီငြိမ်းပါတီ ခေါင်းဆောင်တွေကို ရှင်းလင်း တင်ပြခဲ့တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာ ဦးဝင်းတင်တို့က နိုင်ငံရေးရော၊ လူမှုရေးရောပေါ့ဗျာ၊ အတူလက်တွဲပြီး ပြည်သူလူထု အကျိုးအတွက် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ကွန်ယက်လုပ်ငန်းကို စီစဉ်တာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ နိုင်ငံရေးလုပ်ငန်းမှာ မတူရင်တောင်မှ လူထုအခြေပြု လူမှုရေး လုပ်ငန်းတွေမှာ၊ တူရာတူရာ လုပ်ငန်းတွေမှာ ပြည်သူလူထု အကျိုးငှာ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ခြင်းဟာ ဒီမိုကရေစီအတွက် အထောက်အကူဖြစ်မှာ ဖြစ်တဲ့အကြောင်း၊ ပြည်သူလူထုတွေ လက်တွေ့ အကျိုးခံစားရမှာ ဖြစ်တဲ့အကြောင်း၊ ဒီမိုကရေစီမှာ Civil Society လို့ခေါ်တဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ ခိုင်မာ အားကောင်းလာမှသာလျှင် ဒီမိုကရေစီဟာ ခိုင်မာပြီလို့ ပြောနိုင်မှာ ဖြစ်တဲ့အကြောင်း၊ အဲဒါတွေကို ရှင်းပြပြီး အကျေအလည် ဆွေးနွေးကြပါတယ်။ ဆရာ ဦးဝင်းတင်တို့ကလည်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြပါတယ်။”
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဒီငြိမ်းပါတီရဲ့ မဟာမိတ် ဖွဲ့စည်းမှုဆိုင်ရာ အဆင့်ဆင့် သတ်မှတ်ချက်တွေအရ NLD ဟာ အပြန်အလှန် ယုံကြည်မှု တည်ဆောက်စရာ မလိုအပ်တော့တဲ့ ပါတီတခု ဖြစ်တာကြောင့် ပူးပေါင်းလုပ်ဆောင်မှုတွေကို စတင် လုပ်ဆောင်နိုင်ပြီလို့ ပြန်လည် ဆွေးနွေးခဲ့တဲ့အကြောင်း ဦးမျိုးညွန့်က ပြောပါတယ်။
ဒီငြိမ်းပါတီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ အမတ်နေရာ ၉ နေရာအတွက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပေမဲ့ တနေရာမှ အနိုင်ရခဲ့ခြင်း မရှိပါဘူး။
Subscribe to: Post Comments (Atom)
အရေးကြီးပြီ သွေးနီးကြစို့
ဒီမိုကရေစီအင်အားစု အတော်များများနဲ့ အတိုက်အခံ အင်အားစုတွေ အားလုံးက နအဖကိုတိုက်ခိုက်မှ မှန်တယ်လို့ ယူဆကြပါတယ်။ ယုံကြည်ယူဆတဲ့ အတိုင်းလည်း အနည်းဆုံး နှုတ်စကားနဲ့ပဲ ဖြစ်ဖြစ် အမြဲတိုက်ခိုက်နေခဲ့ ကြပါတယ်။ ဒါပေမယ့် အားလုံးရဲ့ အင်အားမပါရင် အရွေ့မရှိရင် အလုပ်မဖြစ်ဘူး ဆိုတာကို တခါတရံမှာ သူတို့မေ့လျော့ နေကြပါတယ်။အဓိကအချက်တခုက သူတို့က အမြဲတစေ မလွဲမသွေ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံပေးနေကြတာပါပဲ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ရဲ့ ခေါင်းဆောင်ဖြစ်သလို အတိုက်အခံ အင်အားစုအားလုံးရဲ့ ထိပ်တိုက်ရင်ဆိုင်ရေးခေါင်းဆောင်လည်း အလိုအလျောက် ဖြစ်လာခဲ့ပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့၊ ရန်ကုန်မြို့ရှိ NLD ရုံးချုပ်တွင် လူထုကို မိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည်
ဒီနေ့ ဒီအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NLD ကို အမည်သစ်၊ လူသစ်၊ စိတ်သစ်တွေနဲ့ ပြန်လည်ဖွဲ့စည်းဖို့ အချိန်အခါ အခြေအနေသင့်နေပါပြီ။ ပြည်သူတွေရဲ့ ပြဿနာပေါင်းစုံကို ရှေ့တန်းတင်စဉ်းစားပြီး ပါတီတွင်း ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ ပါတီတရပ်ပေါ်ထွန်းဖို့ အချိန်ရောက်နေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို တကယ် လက်ခံယုံကြည်တဲ့ အင်အားစုတွေ ဝန်းရံထားတဲ့ အတွေးသစ်၊ အမြင်သစ် လုပ်ဟန်သစ်တွေနဲ့ အနာဂတ်ကို ပုံဖေါ်ဖို့ အချိန်ကျရောက်လာပါပြီ။ လူငယ်ကွန်ယက်ဆိုတာ တိုးတက်ပြောင်းလဲမှုအားလုံးရဲ့ အစတခုပါ။ ဒီကွန်ယက်ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပေးမယ်။ တတ်သိပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ နိုင်ငံရေး အတွေးအခေါ်ရှင်တွေက ဝန်းရံပေးကြမယ်ဆိုရင် ဒါဟာခေတ်သစ်ရဲ့အစလို့ ဆိုနိုင်ပါတယ်၊
ဒီအင်အားစုအားလုံးကို စုစည်းပြီး နိုင်ငံရေးအင်အားစု တရပ်အဖြစ် ထူထောင်လိုက်ရင် ဒီမိုကရေစီလမ်းစကို မြင်ရဖို့ မဝေးတော့ပါဘူး၊
ထိပ်တိုက် ရင်ဆိုင်ရေးသမားတွေ၊ အပြုတ်တိုက်ရေးသမားတွေကလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၊ ကိုယ့်အစွမ်းအစနဲ့ကိုယ် လှုပ်ရှားပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမှုထဲ ဆွဲမထည့်ကြဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းမဖက်တဲ့နည်းနဲ့ ရင်ကြားစေ့ရေး၊ တွေဆုံဆွေးနွေးရေးကို သီးခြားလွတ်လပ်စွာ လှုပ်ရှားခွင့်ပြုခဲ့ရင် တိုးတက်မှုတွေ မြင်လာရမှာပါ။
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးကို ကြိုးပမ်းနေချိန်မှာ တတ်သိပညာရှင်များကလည်း တိုင်းပြည်ရဲ့ စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းရှာရပါမယ်။ တိုင်းရင်းသားများက စည်းလုံးညီညွတ်ရေး တည်ဆောက်နေချိန်မှာ နိုင်ငံရေးသမားအပေါင်းကလည်း တိုင်းပြည်အတွက် သင့်တော်တဲ့ နိုင်ငံရေးလမ်းစဉ်များကို ချမှတ်နိုင်ရပါမယ်။
တိုင်းပြည်တခုလုံးကို ဦးသန်းရွှေတယောက်တည်းက ချုပ်ကိုင်နေတာ မှန်ပေမယ့် ပြဿနာအားလုံးကို ဦးသန်းရွှေတယောက်တည်းက ဖြေရှင်းလို့ မရတာ သေချာပါတယ်။ ဦးသန်းရွှေကို ဝန်းရံပိတ်ဆို့နေကြတဲ့ ကိုယ်ကျိုးရှာ အလိုတော်ရိတစုရဲ့နှောက်ယှက်မှုတွေကိုလည်း မျက်ခြေမပြတ် အနီးကပ် စောင့်ကြည့်နေဖို့ လိုပါတယ်။ ဦးသန်းရွှေ တဦးတည်းက အာဏာရှင်ဖြစ်နေသမျှ အထက်အဏာပိုင်နဲ့ နီးကပ်လေ၊ ပြည်သူနဲ့ဝေးလေ လမ်းမှားလိုက်လေ ဖြစ်နေမှာပါ။
ဒေါ်အောင်ဆန်းစုကြည် လက်ရှိကျင့်သုံးနေတဲ့ လမ်းစဉ်က ပြည်သူနဲ့နီးလေ၊ အာဏာရှင်နဲ့ ဝေးလေ၊ ဒုက္ခပေးခံရလေ အဖြစ်မျိုးမဖြစ်အောင် နားလည်မှု တည်ဆောက်နေတာ ဖြစ်ပါတယ်။ အလွန်လည်း မှန်ကန်ထိရောက်ပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ ထောက်ခံပံ့ပိုးမှုတော့ မရသေးပါဘူး။ အကြမ်းမဖက်ရေး အင်အားစုအသီးသီးက ဝိုင်းဝန်းပံ့ပိုးကြဖို့လိုပါတယ်။
ပြည်သူတွေအနေနဲ့လည်း လက်ရှိအခြေအနေကို နိုင်ငံရေးသမားတချို့နဲ့ မီဒီယာတွေက ပုံဖော်နေကြတဲ့ အဖိနှိပ်ခံပြည်သူတွေက တဘက်၊ ဖိနှိပ်သူ အစိုးရကြီးကတဘက်လို့ မမြင်ကြဖို့ လိုပါတယ်။ အကြောင်းကတော့ အစိုးရဝန်ထမ်း ၉၅ ရာခိုင်နှုန်းလောက်ဟာလည်း ဖိနှိပ်ချုပ်ချယ်မှုပေါင်းစုံကို ခံစားနေကြရလို့ပါပဲ။ ကျန်တဲ့ ၅ ရာခိုင်နှုန်းပင်လျှင် ဦးသန်းရွှေကို သစ္စာခံထားကြတာ မဟုတ်ပါဘူး။ စစ်တပ်ထဲမှာပင်လျှင် ဗိုလ်ချုပ်အဆင့် မဆိုထားနှင့် ဒု ဗိုလ်ချုပ်ကြီးများပင် သစ္စာခံမထားပါဘူး။ ဦးသန်းရွှေကလည်း သူတို့ကို မယုံပါဘူး။ ဒု ဗိုလ်ချုပ်ကြီးအဆင့်က ဦးသန်းရွှေကို တွေ့ချင် ကန်တော့ချင်ရင်တောင် ခွင့်မပြုပါဘူး။ လုပ်ကြံမှာစိုးလို့ ဘယ်သူ့မှ အကပ်မခံပါဘူး။
အဲဒီလူတွေကို သူ့လူတွေပဲဆိုပြီး အကုန်တိုက်နေဖို့ မလိုပါဘူး။ ကိုယ့်အလုပ်ကိုယ် ပီပြင်အောင် လုပ်ဖို့က ပိုအရေးကြီးပါတယ်။ တပ်မတော် တခုလုံး ကိုယ့်ဘက်ပါလာစေချင်ရင် ကိုယ်က လေးစားစရာ ကောင်းအောင် အရင်နေပြဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကို ရှေ့တန်းတင် အားကိုး ခိုလိုက်နေကြလို့ မရပါ။
မိမိတို့ဘာလုပ်သင့်တယ်။ ဘာကိုအရင်လုပ်ကြရမယ်ဆိုတာ သိအောင် အရင်လုပ်ကြရပါမယ်။ အပြောင်းအလဲကို တကယ်ပဲ လိုလားပြီး တကယ် ဖန်တီးရပါမယ်။ လူတန်းစား အလွှာအသီးသီးက အပြောင်းအလဲကို တကယ် လိုလားလာအောင် စည်းရုံးရပါမယ်။ နည်းလမ်းကို လမ်းညွှန်နိုင်ရပါမယ်။ အခြေအနေကို ဖန်တီးပေးကြရပါမယ်။
ဒီအတွက် ပြည်သူတွေက ငွေကုန်စရာမလိုပါ။ နိုင်ငံခြား စွက်ဖက်မှုကိုလည်း စောင့်ဖို့မလိုပါ။ ပထမဆုံး မိမိကိုယ်တိုင် ယုံကြည်ဆုံးဖြတ်ဖို့ပဲလိုပါတယ်။ လုပ်ဆောင်ဖို့ပဲလိုပါတယ်။ ညီညွတ်ဖို့နဲ့ လေ့လာဖို့တော့ လိုပါတယ်။
“ပြဿနာဆိုသည်မှာ အခြားမဟုတ်။ အဖြေက ရုပ်ဖျက်ထားခြင်းသာ ဖြစ်သည်” ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ “No one can save us, from us, but us” ဆိုတဲ့စကားဟာလည်း ဘာသာတရား အဆုံးအမ အားလုံးနဲ့ ကိုက်ညီပါတယ်။
ခေါင်းဆောင်တွေက နားလည်ကြပြီး ပြည်သူတွေကို လက်ခံကျင့်သုံးလာအောင် လမ်းညွှန် စည်းရုံးနိုင်ဖို့ လိုပါတယ်။ ပြည်သူတွေအနေနဲ့က “ဒီမိုကရေစီ ရရှိရေး” လို့ အော်နေမှ မဟုတ်ပါဘူး၊ မိမိလက်တွေ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်အောင် ဝိုင်းဝန်းကြိုးစားကြဖို့ပဲ လိုပါတယ်။
စက်ရုံအဆင့်၊ ရပ်ကွက်ကျေးရွာအဆင့်မှာ ဖြေရှင်းလို့ရတဲ့ ပြဿနာတွေရှိပါတယ်၊ အောက်ခြေအဆင့်မှာပဲ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံသူတို့ ပူးပေါင်းအဖြေရှာကြရပါမယ်။ အောက်ခြေမှာ အဖြေမရှိသေးရင် မြို့နယ်၊ ခရိုင်၊ တိုင်းကိုတက်ပြီး အဖြေရှာရမှာပါ၊ မနက်ဖြန် အဖြေတွေ့မယ်၊ နောက်တနှစ်မှာ အားလုံး ကောင်းသွားမယ်လို့တော့ မျှော်လင့်လို့မရပါဘူး။ သို့သော် တိုးတက်မှုတွေ အဆက်မပြတ်တွေ့လာရပြီး အချိန်နဲ့အမျှ အောင်မြင်မှုတွေ ရလာမှာပါ။
ကျနော်တို့အနေနဲ့ နအဖကို ရင်ဆိုင်ရာမှာ အနည်းငယ်ခက်ခဲ့ရတဲ့ အကြောင်းတခုကတော့ အခြေအနေမှန်ကို ရှုမြင်ရာမှာ အနည်းငယ် ပုံစံလွဲနေလို့ ဖြစ်နိုင်ပါတယ်။ ကျနော်တို့က နအဖကို ရှုမြင်ရင် မီဒီယာတွေပုံဖော်သလိုပဲ ထိပ်တိုက် ဆန့်ကျင်ဖက် အင်အားစုကြီး ၂ ခုအဖြစ် ရှုမြင်ကြပါတယ်။
အသေအချာ ခွဲခြားကြည့်ရင် နအဖ အစိုးရနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားခြင်း အမှန်တကယ် ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်နေတဲ့နေရာက အင်မတန်နည်းပါတယ်။ လူတိုင်းမိမိတိုင်းပြည်ကို တိုးတက်ကြီးပွားစေချင် ကြတာပါပဲ။ ပြည်သူတွေက အာဏာကို အတင်းလုယူပြီး နအဖတွေကို ထောင်ထဲထည့် နှိပ်စက်ချင်နေတာ မဟုတ်ပါဘူး၊ ပြည်သူအများစုကြီးက ကိုယ့်အလုပ်ကိုယ် အေးချမ်းစွာလုပ်ပြီး အသက်မွေးချင်ကြတာပါ၊
နအဖကလည်း ပြည်သူတွေ ဆင်းရဲကြောက်လန့်ပြီး ထွက်ပြေးကုန်စေချင်တာ မဟုတ်ပါဘူး။ ပြည်သူတွေ ဒုက္ခရောက်ရခြင်း အကြောင်းအရင်း အများစုဟာ အုပ်ချုပ်ရေး ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါတယ်။ ထိပ်ဆုံးက အာဏာပိုင်တွေ အတွက်သာ အကောင်အထည်ဖော်ပေးတဲ့ အုပ်ချုပ်ရေး ယန္တယားကြီးရဲ့ ဖောက်ပြန်ယိုယွင်းနေမှုကြောင့် ဖြစ်ရတာပါ။ ဒီမိုကရက်တစ်ပါတီတွေ အာဏာရလာချိန်မှာလည်း ဒီအုပ်ချုပ်ရေး ယန္တယားကြီးကို ပြုပြင်နိုင်မှသာလျှင် ပြည်သူတွေ ချမ်းသာရာရလာနိုင်ပါတယ်။
တကယ်မှာ အထူးလွဲမှားနေတာက ယိုယွင်းနေတဲ့ အုပ်ချုပ်ရေး ယန္တယားရဲ့ အစိတ်အပိုင်းလေးတခုဖြစ်တဲ့ မြန်မာစစ်တပ်က အာဏာပိုင်လူတန်းစား တရပ်လို ဖြစ်နေတာပါပဲ။ ဖွဲ့စည်းပုံအသစ်မှာ စစ်တပ်ဟာ အပြည့်အဝအာဏာပိုင် လူတန်းစားမဟုတ်တော့ပေမယ့် အာဏာရဲ့ ၄ ပုံ ၁ ပုံကို လုယူထားသူတွေဖြစ် နေဦးမှာပါ။ ပိုအရေးကြီးတာက အုပ်ချုပ်ရေး ယန္တယား တော်တည့်မှန်ကန်လာ ဖို့ပါပဲ။
နောင်တချိန် ဒီမိုကရေစီအင်အားစုတွေ အာဏာအပြည့် ရလာရင်တောင် ယိုယွင်းနေတဲ့ အုပ်ချုပ်ရေး ယန္တယားနဲ့ ဖောက်ပြန်တဲ့ ဝန်ထမ်းတွေ ဆက်လက် လှုပ်ရှားနေကြမယ်ဆိုရင် တိုင်းပြည်ဟာ ဆင်းရဲတွင်းက မထွက်နိုင်ဘဲ ပြည်သူတွေလည်း ဒုက္ခပင်လယ်ဝေ နေဦးမှာပါပဲ။
ပါတီများရဲ့ တာဝန်က အာဏာပိုင်နိုင်အောင် ကြိုးစားမှုအပြင် တရားရေးအဖွဲ့အစည်းတွေက ဥပဒေစိုးမိုးရေး ဆောင်ရွက်လာအောင်၊ ဝန်ထမ်းတွေ ခြစားဖောက်ပြန်မှု လျော့ပါးလာအောင် အစီအမံတွေ၊ ကြိုတင်ပြင်ဆင်မှုတွေ၊ လိုအပ်ချက် ဖြည့်ဆည်းမှုတွေကို ယခုကတည်းက အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။
ကျနော်တို့ဟာ ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာတခုကို ရှုထောင့်တခုကသာကြည့်ပြီး တပြည်လုံး ပြဿနာအတွက် အဖြေမှန်တခုတည်းကို ရှာနေရင် မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်ကိုစမ်းသပ်သလို အဖြေတလွဲ ထွက်နေမှာဖြစ်ပါတယ်။ နေရာအလိုက်၊ ကဏ္ဍအလိုက်၊ အချိန်အလိုက် ပြဿနာ အမျိုးမျိုးအတွက် အဖြေအမျိုးမျိုးကို ရှာဖွေဆက်စပ်နိုင်မှသာ တိုင်းပြည်အတွက် အကျိုးရှိပါလိမ့်မယ်။
ခေါင်းဆောင်လုပ်သူများက အခြေအနေမှန်ကို ယထာဘူတကျအောင် ရှုမြင်ပြီး မကြာခင်က စတင်ခဲ့တဲ့ လူငယ်ကွန်ယက်လို ကွန်ယက်အသီးသီးကတဆင့် စတင် အကောင်အထည်ဖော်လို့ ရပါတယ်။
နအဖဖြစ်စေ၊ ပြည်ထောင်စု ကြံ့ဖွံ့ခိုင်ရေးနှင့် ဖွံ့ဖြို့ရေးပါတီ (ကြံ့ဖွံ့ပါတီ) +ဖြစ်စေ ဦးသန်းရွှေနဲ့ တသားတည်း အလုံးအခဲကြီးအဖြစ် ရှုမြင်လို့မရပါဘူး။ ၎င်းတို့ကို ခွဲခြမ်းစိတ်ဖြာ ကြည့်မြင်နိုင်အောင် ကြိုးစားဖို့ အရေးကြီးပါတယ်။
ကြံ့ဖွံ့ဆိုတာ ကျောရိုးမရှိတဲ့၊ ဦးနှောက်မရှိတဲ့ ကြိုးဆွဲရာကနေတဲ့ ရုပ်သေးရုပ် သက်သက်ပဲ ဖြစ်ပါတယ်။ အလားတူပဲ စွမ်းအားရှင်ဆိုတာလည်း ရဝတ အဆင့်က လက်သပ်မွေးထားတဲ့ လက်မရွံ့ လူမိုက်တစုပဲ ဖြစ်ပါတယ်။ ရဝတနဲ့ ပြည်သူနဲ့ ဆက်သွယ်စကားပြောလိုက်ရင် စွမ်းအားရှင်ဆိုတာ ပြည်သူတွေရဲ့ လက်သုံးတောင်ဝှေး ဖြစ်လာနိုင်ပါတယ်။
ကိုယ့်ကျေးရွာ ဥက္ကဋ္ဌ၊ ရပ်ကွက်ကော်မတီဝင်တွေနဲ့ စကားမပြောကြရင်၊ ပြောဖို့မကြိုးစားကြရင် ဒီအခက်အခဲတွေဟာ မပပျောက်နိုင်ဘဲ ရှည်ကြာနေလိမ့်မယ်ဆိုတာ ပြည်သူတွေ လက်ခံလာအောင် ပြောပြ နိုင်ရပါမယ်။ ကိုယ်တိုင်က တာဝန်ယူမှုမရှိကြရင် တိုးတက်မှုကို မျှော်လင့် လို့မရနိုင်ယုံမက ပိုမိုဆိုးရွားတဲ့ ကံကြမ္မာတွေ ကျရောက်လာနိုင်ပါတယ်။
ဦးသန်းရွှေရဲ့လက်ရင်းလူယုံ ကပ်ဖားများပင်လျှင် တယောက်ကို အကျိုးစီးပွားတမျိုးစီနဲ့ ရှင်သန်နေကြတာ ဖြစ်ပါတယ်။ ဦးသိန်းဇော်ကိုဖြစ်စေ၊ ဦးသောင်းကိုဖြစ်စေ၊ ဦးအောင်သောင်းကိုဖြစ်စေ၊ ဦးစိုးသာကိုဖြစ်စေ သူ့နည်းသူ့ဟန်နဲ့ ချဉ်းကပ် ထွက်ပေါက်ပေး ပြုပြင်မယ်ဆိုရင် ပြောင်းလဲ တိုးတက်လာနိုင်ပါတယ်။
ယခုအချိန်မှာ ဘီလူးသဘက်လိုဖြစ်နေကြတဲ့ ဦးသန်းရွှေရဲ့ မိသားစုဝင်များဟာလည်း လွန်ခဲ့တဲ့နှစ် ၂၀ က သူလိုငါလို လူများသာဖြစ်ကြပါတယ်။ သူတို့ရှေ့မှာ အစွယ်ကျိုးသွားကြတဲ့သူတွေရဲ့ဘဝကို မသိကြလို့ အာသာငမ်းငမ်း ဖြစ်နေကြတာပါ။ မှန်ကန်တဲ့ ချဉ်းကပ်လှုပ်ရှားမှုတွေ လုပ်ခဲ့ကြရင် အခြေအနေ အားလုံးဟာ ပုံမှန်ကိုပြန်ရောက်ပြီး ပြည်သူတရပ်လုံး ရွှင်ပြုံးနိုင်မယ့် တနေ့ကို မကြာမီရောက်လာမှာ မလွဲသေချာပါပဲ။
အရေးအကြီးဆုံးက တာဝန်သိတဲ့ပြည်သူတိုင်း ကိုယ့်အခန်းကဏ္ဍကို တာဝန်ယူပြီး အခုချိန်မှာ ညီညီညာညာ အလုပ်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။
“ညံ့တဲ့စစ်သားမရှိ၊ ညံ့တဲ့စစ်ဗိုလ်သာရှိတယ်” လို့ ဆိုရိုးစကားရှိပါတယ်။ ကျနော်တို့ ပြည်သူများဟာ အလွန်တော်တဲ့ ပြည်သူများဖြစ်တယ်ဆိုတာ ဘယ်သူမှ အငြင်းမပွားကြပါ။ တခါတုန်းက ဗြိတိသျှဘုရင်ခံက “အိန္ဒိယတွင် ခေါင်းဆောင်ကောင်းပေါများ၍ နောက်လိုက်ကောင်း နည်းပါးသည်။ ဗမာပြည်တွင် ခေါင်းဆောင်ကောင်းရှား၍ နောက်လိုက်ကောင်းပေါသည်” လို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။
ကျနော်တို့မှာ မျိုးဆက်သစ် ခေါင်းဆောင်ကောင်းများ အညွန့်ပြူထွက်နေကြပါသည်။ ကွန်ရက်များမှတဆင့် သူတို့ကို နေရာပေး မြှင့်တင်ပေးဖို့ လိုပါသည်။ လူကြီးများက ဘုတ်ထိုင် ထိုင်မနေကြဘဲ လူငယ်များကို ဝန်းရံ၊ ပံ့ပိုး၊ နေရာပေးကြဖို့ အချိန်ကျရောက်ပါပြီခင်ဗျား။
Subscribe to:
Posts (Atom)

